Back to campField Journalby Zin
All entries

compass · opportunitiesformyanmaryouth · winechanz

How Can Developers Build Good Logical Thinking? ❓

Logical Thinking means finding as many possible ways as you can to solve a problem, then picking the most suitable one.

3 min read0 likes

Developers တွေအနေနဲ့ Logical Thinking ကောင်းအောင် ဘယ်လို ပြုမူ တည်ဆောက်မလဲ ❓

Logical Thinking ဆိုတာကတော့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ဖြစ်နိုင်ချေရှိမယ့် နည်းလမ်းတွေအများကြီး ရှာဖွေပြီး အသင့်တော်ဆုံး နည်းလမ်းကို ရှာဖွေတာပဲဖြစ်ပါတယ်။

ဖတ်ချိန် 3 မိနစ်0 likes

We all run into all sorts of difficulties and problems every day, in all sorts of shapes, right? Work can get bad enough to leave you Stressed out. There'll be things that aren't going well with family or in your personal life. And as Developers, there are times when we Copy & Paste a whole Source File, try it out, and nothing shows up at all.

It was working perfectly fine like this. I added this one line and now there's an Error. The code is running, but it's wrong. You'll see things like this again and again. And for us Beginners, there's also stuff like not knowing where or how to start a big Project. When you go looking for answers, people will tell you the Code doesn't work because the Logic is wrong, or that before starting a Project you should think it through with good Logic first. Some people already have good Logical Thinking. Others wonder what this Logic thing even is, and how to get good at Logical Thinking — and that's exactly what we're going to answer today

Logic is about analysing a problem and looking for a way to solve it. Logical Thinking means finding as many possible ways as you can to solve a problem, then picking the most suitable one. Good Logical Thinking starts with being able to analyse the problem well. Once you understand the problem well, you can come up with lots of ways to solve it. Good Logical Thinking helps a lot, both at work and in everyday life.

  1. Research & Learn
  2. Brainstorm & Get In Touch with Community
  3. Practice & Analyze Codes
  4. Don’t Afraid to Start
  5. Practice Q & Ans
  6. Hope for the best
  7. Be Confident!
  8. Challenge Yourself!
  9. Relax

As a Bonus, after reading about Logical Thinking, whether you want to know what you're capable of or just want to learn, I've included an IQ Test and interview Q&As you can test yourself with 🙆‍♂️

IQ-Test

Front-end Q & Ans

Back-end Q & Ans

Full-Stack Q & Ans

If you have time, give them a try 🧐

Our IT world is more about thinking things through than memorising, so you could even say Logical Thinking is essential. Once you can do Logical Thinking well, you can use it both at work and in daily life, so Life Would Be Easier. There is one thing, though. Anything is medicine in the right dose and poison in excess, so be careful not to let it turn into Overthinking. When thinking starts to wear you out, take a rest and come back to it. By now you should know how Developers can build good Logical Thinking, so from all of us at Team Compass, we wish you a successful life and say goodbye for now. Thank you so much for reading to the end.

Have a great night everyone ❤️

ကျွန်တော်တို့ဟာ နေ့စဉ် အခက်အခဲမျိုးစုံ၊ပြဿနာမျိုးစုံကို ပုံစံအစုံနဲ့ တွေ့ကြုံနေကြတာပဲမလား။ အလုပ်မှာ Stressed out ဖြစ်ရလောက်တဲ့အထိကို ဆိုးနေမယ်။ မိသားစုကိုယ်ရေးကိုယ်တာ အရ အဆင်မပြေတာ တွေရှိမယ်။ Developers တွေအနေနဲ့ကတော့ Source File လိုက်ကြီး Copy & Paste ချလာပြီးမှ စမ်းတဲ့အခါ ဘာမှတက်မလာတာမျိုးလဲရှိနေမှာပါ။

ဒီအတိုင်းရေးနေတာအကောင်းကြီးပါ။ ဒီစာလေးထည့်လိုက်တာ Error တက်သွားတယ်တို့၊ code ကြီးက မမှန်ပဲ အလုပ်လုပ်နေတယ်ဆိုတာတွေကို ခနခန ကိုတွေ့မြင်ရမှာပါ။ကျွန်တော်တို့ Beginner တွေကြုံနေကြဆို Project ကြီးတခုကို ဘယ်ကနေဘယ်လိုစမလဲ ဆိုတာတွေလိုပေါ့။ အဲ့တာအဖြေလိုက်ရှာတဲ့အခါ Logic ကြီးက မှားနေလို့ Code က အလုပ်မလုပ်တာ , Project စရေးဖို့ဆို Logic ကောင်းကောင်းလေးနဲ့ အရင်တွေးကြည့်လေဆိုပြီး အကြံပေးကြမှာပေါ့၊တချို့ကျတော့ Logical Thinking ကောင်းပြီးသားရှိကြပါတယ်။တချို့ကျတော့ အဲ့Logic ဆိုတာကြီးကဘာကြီးလဲ၊ Logical Thinking ကောင်းအောင်ဆိုဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အဖြေကိုကျွန်တော်တို့က ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်

Logic ဆိုတာဟာ ပြဿနာတစ်ခုကို ဝေဖန်ပိုင်းခြားပြီး ဖြေရှင်းဖို့နည်းလမ်းရှာတာမျိုးပဲဖြစ်ပါတယ်။ Logical Thinking ဆိုတာကတော့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ဖြစ်နိုင်ချေရှိမယ့် နည်းလမ်းတွေအများကြီး ရှာဖွေပြီး အသင့်တော်ဆုံး နည်းလမ်းကို ရှာဖွေတာပဲဖြစ်ပါတယ်။ Logical Thinking ကောင်းဖို့ဆို ပြဿနာကိုကောင်းကောင်းသုံးသပ်နိုင်တာကစပါတယ်။ ပြဿနာကို ကောင်းကောင်းသိပြီဆို ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေလည်း အများကြီးတွေးခေါ်လာနိုင်ပြီဖြစ်ပါတယ်။ Logical Thinking ကောင်းတစ်ခုဟာ အလုပ်မှာရော နေ့စဉ်ဘဝမှာရော အများကြီးအဆင်ပြေနိုင်ပါတယ်။

  1. Research & Learn
  2. Brainstorm & Get In Touch with Community
  3. Practice & Analyze Codes
  4. Don’t Afraid to Start
  5. Practice Q & Ans
  6. Hope for the best
  7. Be Confident!
  8. Challenge Yourself!
  9. Relax

Bonus အနေနဲ့ Logical Thinking အကြောင်းဖတ်ပြီး ကိုယ့်အစွမ်းအစ သိချင်တာပဲဖြစ်ဖြစ် ဒီအတိုင်းလေ့လာချင်တာပဲဖြစ်ဖြစ် test လို့ရအောင် IQ Test နဲ့ interview Q&As တွေကို ပေးထားပါတယ်ခင်ဗျ 🙆‍♂️

IQ-Test

Front-end Q & Ans

Back-end Q & Ans

Full-Stack Q & Ans

အချိန်ရရင် ဝင်ရောက်ဖြေဆိုသွားနိုင်ပါတယ်ခင်ဗျ 🧐

ကျွန်တော်တို့ IT လောကကြီးဟာ အလွတ်ကျက်ပြီးမှတ်တာထက်စာရင် စဉ်းစားတွေးခေါ်ရတာပိုများတာမို့ Logical Thinking ဆိုတာ မရှိမဖြစ်လိုအပ်တယ်လို့တောင်ပြောလို့ရပါတယ်။ Logical Thinking ကောင်းကောင်းလုပ်ဆောင်နိုင်ပြီဆို အလုပ်ခွင်မှာရော၊ နေ့စဉ်လူနေမှုဘဝမှာပါ အသုံးချနိုင်တာမို့ Life Would Be Easier ဖြစ်နေမှာပါ။ တစ်ခုတော့ရှိတာပေါ့။ အရာရာဟာ တန်ရင်ဆေးလွန်ရင်ဘေးဖြစ်တတ်တာမို့ Overthink ထိ မဖြစ်အောင်သတိထားဖို့လဲလိုအပ်ပါတယ်။ စဉ်းစားရတာပါ ပင်ပန်းလာပြီဆို အနားယူပြီး ပြန်စဉ်းစားပါ။ ဒီလောက်ဆိုရင် Developer တွေအနေနဲ့ Logical Thinking ကောင်းအောင်ဘယ်လို ပြုစုကြမလဲဆိုတာ သိရှိကြပြီမလို့ အောင်မြင်တဲ့ ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ Team Compass ကနေ ဆုတောင်းပေးရင်းနဲ့ နှုတ်ဆက်လိုက်ပါတယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

Have a great night everyone ❤️

Filed undercompassopportunitiesformyanmaryouthwinechanzkazuo

Written byZin Min Htun (Wine Chanz)Senior Full-Stack Developer · Da Nang, VietnamSay hello at campMore entries